ရန်ကုန်တိုင်းဒေသကြီး

အင်းစိန်မြို့နယ်တွင် ရက် (၁ဝဝ) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်

‌ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ရွာမ (အရှေ့) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အင်းစိန်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ခြင်းနှင့် Biometric ကောက်ယူ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ   ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို  ဧပြီ ၂၇ ရက်နေ့ နံနက် ၉ နာရီက နွယ်အေးရပ်ကွက်၊ သဲကွင်းဓမ္မာရုံ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေါပုံမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ပူးပေါင်း၍ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက အမှတ် ၈၇ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထန်းတပင်မြို့နယ်၌ အခြေခံအင်္ဂလိပ်စာသင်တန်း (အခမဲ့) ဖွင့်လှစ်

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား နွေရာသီကျောင်းပိတ်ရက်ကာလအချိန်ကို အကျိုးရှိစွာအသုံးချတက်စေရန်နှင့် ပညာသင်ကြားရေးကို အထောက်အကူပြုစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အခြေခံအင်္ဂလိပ်စာသင်တန်းကို ဧပြီလ (၂၈) ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင် သာ‌ကေတမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲ တက်ရောက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မိတ်ဆက်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၁၁ နာရီက အမှတ် (၃) ရပ်ကွက် သဟပုညကာရီဓမ္မာရုံတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် အစိုးရသစ်ကာလ ရက် (၁၀၀) စီမံချက် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ အစိုးရသစ်ကာလ ရက် (၁၀၀) စီမံချက်တွင် ပါဝင်သည့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဟောပြောပွဲအား သင်္ဃန်းကျွန်းမြို့နယ် အ.ထ.က (သုဝဏ္ဏ)၌ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ကျင်းပသည်။

တွံတေးမြို့နယ် လှိုင်သာယာ-တွံတေး ဒလသွားကားလမ်းတွင် ပြည်သူများဘေးအန္တရာယ်ကင်းစေရေး Quick Win စီမံချက်နှင့်အညီ စည်းကမ်းပျက်/ မော်တော်ယာဥ် / မော်တော်ဆိုင်ကယ်များစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် လှိုင်သာယာ-တွံတေး-ဒလသွား ကားလမ်းမကြီးရှိ မမျိုးစုလမ်းဆုံအနီး ပန်းလှိုင် (X.Rays) ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းမောင်းနှင်နေသော အိမ်စီး/ အငှား/ ကုန်တင်မော်တော်ယာဥ်များအား နိုင်ငံတော်မှ စက်သုံးဆီ သုံးစွဲမှုလျော့ချရေး သတ်မှတ်ထားသည့် စည်းကမ်းများနှင့် ညီညွတ်ခြင်း ရှိ/ မရှိ စစ်ဆေးအရေးယူခြင်းကို ယနေ့နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ Lotte Hotel ၌ “ရေရှည်တည်တံ့သော အာဆီယံဖြစ်စေရေး သန့်ရှင်းသော လေထု ဆိုင်ရာစီမံကိန်း”၏ (Clean Air For Sustainable ASEAN (CASA) Project) မှ ပေးအပ်သည့် Air Quality Monitoring Station (AQMS) လေထုအရည်အသွေး တိုင်းတာရေးစက် (၂) လုံးအား လွှဲပြောင်းလက်ခံ

“ရေရှည်တည်တံ့သော အာဆီယံဖြစ်စေရေးသန့်ရှင်းသော လေထုဆိုင်ရာစီမံကိန်း” ၏ (Clean Air For Sustainable ASEAN (CASA) Project) မှ ပေးအပ်သည့် Air Quality Monitoring Station (AQMS) လေထုအရည်အသွေး တိုင်းတာရေးစက် (၂) လုံးအား လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ Lotte Hotel တွင် ကျင်းပသည်။

အလုံမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဌာန၊ ရပ်ကွက် မြို့နယ်ရဲတပ်ဖွဲမှူးရုံးခန်းတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး