ရန်ကုန်တိုင်းဒေသကြီး

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အ.လ.က (၅) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID လုပ်ငန်းများ နေ့ချင်းပြီးဆောင်ရွက်ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများ ရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းထွန်း ဦးဆောင်သည့် ဝန်ထမ်းများသည် ရက် (၁၀၀) လမင်းစီမံချက်အရ ယမန်နေ့နံနက်ပိုင်းက ရှမ်းတဲကြီး‌ကျေးရွာ အမှတ် (၅) အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် Biometric UID ဇီဝအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို နေ့ချင်းပြီး ဝန်ဆောင်မှုအဖြစ် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ အခြေခံစာရင်း၊ စာရင်းကိုင်သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့+အနောက်ပိုင်း) မြို့နယ် မြို့နယ်သမဝါယမဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းတာဝန်ခံများအား စာရင်းများကို စနစ်တကျ ကိုင်တွယ်အသုံးပြုနိုင်စေရန်နှင့် စွမ်းရည်မြင့်မားလာစေရန် ရည်ရွယ်၍ အခြေခံစာရင်း၊ စာရင်းကိုင်သင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်သမဝါယမအသင်းစုလီမိတက် ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

တိုက်ကြီးမြို့နယ်၌ ရက် ၁၀၀ ကာလအတွင်း လမင်းစီမံချက်အရ ပြုလုပ်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များပေးအပ်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း လမင်းစီမံချက်အရ ပြုလုပ်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများပေးအပ်ပွဲကို ဇွန်လ ၃ ရက်နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (မြို့မ)ရှိ ပညာရတနာခန်းမတွင် ကျင်းပသည်။

မှော်ဘီမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ရက် "၁၀၀" စီမံချက်တွင်ပါဝင်သော ယာဉ်အန္တရာယ် ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်က မှော်ဘီမြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်တွင် အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာဘုရားအတွင်းရှိ ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီအချိန်က အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ Hotel Ngu Wah ၊ Hotel Grand Vista ၊ Hotel 99 ၊ Hotel Grand United နှင့် Sakura Hotel တို့အား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် 191 အက်ပလီကေးရှင်း အသုံးပြုပုံတို့အား အသိပညာပေး‌ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး ပလတ်စတစ်ခြင်းတောင်းရက်နည်းသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှကြီးမှူး၍ အိမ်တွင်းမှုအတတ်ပညာဖြစ်သည့် ခြင်းတောင်းရက်လုပ်တတ်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်၊ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်ခြင်းကြောင့် ဝင်ငွေရရှိစေရန် ရည်ရွယ်၍ ပလတ်စတစ်ခြင်းရက်လုပ်နည်းသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီချိန်က အမှတ် (၁၁၀) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဖွင့်လှစ်ခဲ့သည်။

ထန်းတပင်မြို့နယ်၌ မိုးရာသီ၌ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေးဟောပြော

ရန်ကုန်တိုင်း‌ဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျေးရွာနေပြည်သူများအား မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ပက်အင်းကြီးကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID လုပ်ငန်းများ နေ့ချင်းပြီး ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြောက်ဥက္ကလာပမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစံတင်ဦး ဦးဆောင်သည့် ဝန်ထမ်းများက ရက်(၁၀၀) လမင်းစီမံချက်အရ ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် Biometric UID ဇီဝအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို နေ့ချင်းပြီး ဝန်ဆောင်မှုအဖြစ် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုးစပါး မျိုးစေ့ချကိရိယာ (Seeder) စိုက်ပျိုးခြင်း သရုပ်ပြအခမ်းအနား သုံးခွမြို့၌ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး မျိုးစေ့ချကိရိယာ (Seeder)စိုက်ပျိုးခြင်း သရုပ်ပြအခမ်းအနားကို သိုက်တူးကန်ကျေးရွာအုပ်စု ကွင်းအမှတ် ၈၄၈ A၊ ဦးပိုင်အမှတ် ၃၅/၂ တောင်သူ ဦးမြင့်သောင်း၏ စိုက်ခင်းတွင် ယနေ့နံနက် ၈နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး