အလုံမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

အလုံ ဇွန် ၄

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ Hotel Ngu Wah ၊ Hotel Grand Vista ၊ Hotel 99 ၊ Hotel Grand United နှင့် Sakura Hotel တို့အား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် 191 အက်ပလီကေးရှင်း အသုံးပြုပုံတို့အား အသိပညာပေး‌ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝင်းဇင်၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်မျိုးလှိုင်နှင့် အဖွဲဝင်များက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေလုံသား (မြို့နယ်ပြန်/ဆက်)