တိုက်ကြီး ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း လမင်းစီမံချက်အရ ပြုလုပ်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများပေးအပ်ပွဲကို ဇွန်လ ၃ ရက်နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (မြို့မ)ရှိ ပညာရတနာခန်းမတွင် ကျင်းပသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုက်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်ဌေးနှင့် တာဝန်ရှိသူများက အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၁၆၈ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များကို တစ်ဦးချင်းလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)