မိုင်းပျဉ်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မိုင်းပျဉ်း ဇွန် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မီး‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်‌ဆေးခြင်းကို  ၂၀၂၆ ခုနှစ် ဇွန်လ ၂၄ ရက်က မွန်းလွဲပိုင်းက ဌာနဆိုင်ရာရုံးများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာ၌ မိုင်းပျဉ်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသူရမောင်နှင့်ဝန်ထမ်းများလိုက်ပါ၍ မြို့နယ်အတွင်းရှိဌာနဆိုင်ရာရုံးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မစခန်းနှင့်ဝန်ထမ်းအိမ်ယာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် မီးသတ်ဆေးဗူးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း  သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)