မိုင်းယောင်း ဇွန် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ဇွန် ၂၄ ရက်နေ့က မြန်မာအမျိုးသမီးများနေ့အကြိုလုပ်ရှားမှုဟောပြောပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြိုလှုပ်ရှားမှုဟောပြောပွဲနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ချက်များ၊ အမျိုးသမီးများဥပဒေ ပြဋ္ဌာန်းချက်ပါ အခွင့်အရေးများအကြောင်း သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့သည် ဟောင်ကြန့်ကျေးရွာခန်းမ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်လှစ်ပို့ချနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေကျပ် ၁၀၀,၀၀၀ ပေးအပ်ခဲ့သည်။ ထို့ပြင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူးသည် ဝမ်ပေါ့ကျေးရွာ၌ ကျေးရွာမြေငှားဂရန်ပေးအပ်နိုင်ရေး သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)