မိုးနဲ ဇွန် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာန၏စီစဉ်မှုဖြင့် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇွန် ၂၃ ရက်နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်ကိုကိုသက်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများနှင့်အတူ မီးသတ်ကားအသုံးပြု၍ မီးငြှိမ်းသတ်မှုကို သရုပ်ပြ ဇာတ်တိုက်လေ့ ကျင့်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)