ရပ်စောက်၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ရပ်စောက် ဇူလိုင် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားထားသော “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” စာအုပ်ဖြင့် ယမန်နေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်ယုယုအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ဦးစီးမှူးက “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” စာအုပ်မှ “တွေဝေခြင်းကိုကျောခိုင်းခြင်း” ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်မြန်မာ့စာတိုက်လုပ်ငန်းမှ စာပေဝါသနာရှင် ဒေါ်ဖြူဖြူထွေးက “ဘဝခရီးသည်တွေဆီကအသံ” ခေါင်းစဉ်ပါအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအသင်းမှ စာပေဝါသနာရှင် ဒေါ်ယွန်းလှဲ့သန္တာအောင်က “ကိုယ့်ဝန်းကျင်ကိုပါ စင်ကြယ်စေသူ” ခေါင်းစဉ်ပါအကြောင်းအရာများကိုလည်းကောင်း၊ Book Club အဖွဲ့တင်ဒေါ်ကြည်ဌေးက “ပုလဲကောင်းလိုသော် နက်နက်ငုတ်” ခေါင်းစဉ်ပါအကြောင်းအရာများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး Book Club အဖွဲ့ဝင် ဦးဘဟန်က ဆွေးနွေးချက်များကို သုံးသပ်၍ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)