ကွန်ဟိန်းမြို့၌  MCCT အစီအစဥ်အသိပညာပေးသင်တန်းနှင့် အာဟာရအသိပညာပေးသင်တန်း ဖွင့်လှစ်

ကွန်ဟိန်း ဇူလိုင် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT အစီအစဥ် အသိပညာပေးသင်တန်းနှင့် အာဟာရအသိပညာပေးဆင့်ပွား သင်တန်းကို    ယနေ့နံနက် (၉)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

  အဆိုပါ သင်တန်းတွင် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်လှိုင်ဇင်ဝင်းနှင့် မအိန္ဒြာကျော်ဆင့်တို့က MCCT အစီအစဥ် အသိပညာပေးဆွေးနွေးခြင်းနှင့် ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်မာအေးက အာဟာရအသိပညာပေး   ဆွေးနွေးခြင်းကို  တစ်ရက်တာ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါသင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊  ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်မာအေးနှင့်ဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်များ စုစုပေါင်း သင်တန်းသား (၃၀)ဦးတို့က တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)