ပင်လုံမြို့ ရှေးဟောင်းသမိုင်းဝင် ကောင်းမူးဂုဏ်နန်းကင်ပူကျောင်း စာသင်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

ပင်လုံ ဇူလိုင်  ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို  ရှေးဟောင်းသမိုင်းဝင် ကောင်းမူးဂုဏ်နန်းကင်ပူကျောင်း စာသင်တိုက်၌ စာဖတ်ရှိန်မြှင်တင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိမြတ်နိုးသူက စာဖတ်ရှိန်မြှင်တင်ရေး အသိပညာပေးဟောပြောပြီး တိုင်းရင်းဆေးမှူး ဒေါ်စကားဝါက အိမ်တွင်းမိရိုးဖလာ တိုင်းရင်းဆေးနည်းများ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများအကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် တိုင်းရင်းဆေးနည်းဖြင့် ကာကွယ်နည်း၊ ကုသနည်းများအကြောင်း အသိပညာပေးဟောပြောသည်။

ဆက်လက်၍  အဆိုပါကျောင်းရှိ စာသင်သားကိုရင်လေးများအား စာဖတ်ဝိုင်းဆောင်ရွက်ပေးပြီး အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ရာ  ရှေးဟောင်းသမိုင်းဝင် ကောင်းမူးဂုဏ်နန်းကင်ပူစာသင်တိုက် စာသင်သား ကိုရင် (၃)ပါးမှ ကြိုက်နှစ်သက်ရာ ပုံပြင်များ ဖတ်ရှုဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ စာသင်သားကိုရင်လေး(၁၂၀)ပါး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ပင်လုံ(ပြန်/ဆက်)