ကျောင်းတွင်းစိမ်းလန်းစိုပြေရေး ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကျိုင်းတောင်း ဇူလိုင် ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် ကျောင်းတွင်းစိမ်းလန်းစိုပြေရေး ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ က အခြေခံပညာအထက်တန်းကျောင်း(တုန်ဟုန်း)တွင် ကျင်းပခဲ့သည်။

ဦးစွာ နမ့်စန်ခရိုင်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မိုးနဲမြို့နယ် သစ်တေားဦးစီးမှူး ဦးကျော်အောင်အောင်မှ သစ်ပင်စိုက်ပျိုးရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရပါသည်။ ထို့နောက် အခမ်းအနားသို့တတ်ရောင်လာသူများအား ပျိုးပင်များပေးအပ်ခဲ့ကြ၍ တက်ရောက်လာသူများက သစ်ပင်မျိုးပေါင်း ၆ မျိုးရှိ ပျိုးပင် ၅၀၀ ပင် အား စနစ်တကျ စိုက်ပျိုးခဲ့ကြကြောင်း သိရပါသည်။

မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဝင်း၊ နမ့်စန်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မိုးနဲစီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ကျိုင်းတောင်း မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသက်နိုင်နှင့် မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ ကျောင်းသား/သူများ၊ ဌာနေပြည်သူ့စစ်အဖွဲ့များ၊ လူမှုအသင်းအဖွဲများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့နှင့်ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရပါသည်။

ကိုကို