ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဟိုပုံး ဇူလိုင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်ဆန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် အဖွဲ့ဝင်များ၊ ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး သန်းနိုင်လွင်နှင့် အရာရှိစစ်သည်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ၊ ဒေသခံပြည်သူများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြပြီးသင်တန်းဆင်းပွဲတွင် သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ သင်တန်းဆင်းတပ်ခွဲက ကတိသစ္စာခံယူ၍ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး သန်းနိုင်လွင်က သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့ကြသူများအား တစ်ဦးချင်းဂုဏ်ပြဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းမိန့်ခွန်းပြောကြားကာ သင်တန်း ဆင်းတပ်ခွဲများက ချီတက်အလေးပြုခဲ့ကြောင်းသိရသည်။ ထို့နောက် လုံခြုံရေးနှင့် နယ်စပ်ရေးရဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဆန်းတို့က ဘုရင်နောင်ခန်းမ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း သင်တန်းသားများနှင့်တွေ့ဆုံ၍ ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)