ရှမ်းပြည်နယ်

ခေတ္တရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ၂၀၂၆ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ဘက်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

ရှမ်းပြည်နယ်အတွင်း ဘက်စကက်ဘောအားကစား ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ် ကျင်းပသည့် ၂၀၂၆ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ဘက်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇူလိုင်လ(၆)ရက်နေ့၊ မနက်ပိုင်းက၊ တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပရာ ခေတ္တရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ပြည်နယ်ဝန်ကြီးများ ၊ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်ခရိုင်မှဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဘက်စကက်ဘောအားကစားကို ချစ်မြတ်နိုးသူများတက်ရောက်ကြောင်း သိရသည်။

ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၏ စီစဉ်မှုဖြင့် မြို့ပေါ်ရပ်ကွက်ရုံးများနှင့် အဆိုပါခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတို့၌ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိသည်။

မက်မန်းမြို့ ပညာဒီပကေကျာင်းတိုက် ဦးစီးပဓာန နာယကဆရာတော်၏ (၆၆) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ ကျောင်းသူများ ဆုပေးပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ သာသနာတော်နှစ် ၂၅၇၀ ပြည့်နှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၆ ရက်နေ့တွင် မက်မန်းမြို့ ပညာဒီပကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒသိရီအရှင်မြတ်ကြီး၏ (၆၆) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၆ ရက်နေ့၊ နံနက် ၈ နာရီအချိန်တွင် မက်မန်းမြို့ အမှတ် (၂) ရပ်ကွက်၊ ပညာဒီပဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြု လုပ်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားနိုင်စေရန်အတွက် အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်းတို့ကို ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပဆောင်ရွက်သည်။

လားရှိုးမြို့တွင် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင်လ ၆ ရက်နေ့ နံနက် ၇ နာရီက နမ့်ခိုက်ကျေးရွာရှိ စိုက်ကွင်းတွင် ကျင်းပသည်။

မူဆယ်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်လှစ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲကို မူဆယ်ခရိုင်/ မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

လင်းခေးမြို့ စံပယ်ဦးစျေး သမဝါယမသင်းလီမိတက်က အသင်းဝင်များ စုဆောင်းငွေအပေါ် အတိုးနှင့် အစုအပေါ် အမြတ်ငွေများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့၌ ယမန်နေ့တွင် စျေးသမဝါယမအသင်းလီ မိတက်က အသင်းဝင်များ၏ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် စုဆောင်းငွေအပေါ် အတိုးနှင့် အစုအပေါ် အစုအပေါ်အမြတ် ငွေများပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်မဟာမြတ်မုနိ ဘုရားကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တာလေမြို့တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြင့်တင်ရေးလုပ်ငန်းများနှင့် အများပြည်သူများ အသိဉာဏ်ပညာတိုးပွားရရှိစေရန် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့ ယမ်းမိုင်ကျေးရွာ၌ ကမ္ဘာ့ကျေးလက်ဖွံဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ၂၀၂၆ခုနှစ် ယနေ့နက်ပိုင်းက ယမ်းမိုင်ကျေးရွာအုပ်စု၊ ယမ်းမိုင်ကျေးရွာ၊ ဘက်စုံသုံးခန်းမဆောင်ဘေး၌ ကျင်းပဆောင်ရွက်ခဲ့ကြသည်။

ကျိုင်းတုံမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယနေ့က အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိသည်။
Subscribe to ရှမ်းပြည်နယ်