လားရှိုး ဇူလိုင် ၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင်လ ၆ ရက်နေ့ နံနက် ၇ နာရီက နမ့်ခိုက်ကျေးရွာရှိ စိုက်ကွင်းတွင် ကျင်းပသည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇေယျာညို ၊ ခရိုင်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးဇော်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဝန်ထမ်းများ၊ နမ့်ခိုက်ကျေးရွာမှ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြပြီး မယ်ဇလီ၊ ရေသင်းဝင်၊ သစ်လှပျိုးပင် စုစုပေါင်း ၃၅၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)