မိုင်းပျဉ်းမြို့ ယမ်းမိုင်ကျေးရွာ၌ ကမ္ဘာ့ကျေးလက်ဖွံဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိုင်းပျဉ်း ဇူလိုင် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို  ၂၀၂၆ခုနှစ် ယနေ့နက်ပိုင်းက ယမ်းမိုင်ကျေးရွာအုပ်စု၊ ယမ်းမိုင်ကျေးရွာ၊ ဘက်စုံသုံးခန်းမဆောင်ဘေး၌ ကျင်းပဆောင်ရွက်ခဲ့ကြသည်။

ထိုကဲ့သို့ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းလောဝ်မှိုင်းနှင့်ရုံးဝန်ထမ်းများ၊ ယမ်းမိုင်ကျေးလက်ပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများက မန်ဂျန်ရှားပင်(၅၀)ပင်၊ ကျွန်းပင်(၅၀)ပင်၊ စုစုပေါင်း ပျိုးပင်(၁၀၀)ပင်ကို တပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြပြီး၊ ရေရှည်ရှင်သန်ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရေး ကျေးရွာသားများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)