တန့်ယန်း ဇူလိုင် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားနိုင်စေရန်အတွက် အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်းတို့ကို ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပဆောင်ရွက်သည်။
အဆိူပါ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းတို့တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာက အမှာစကားပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းက စာဖတ်ခြင်းအကျိုး ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြာသည်။
ယင်းနောက် နံရံကပ်စာစောင်းများနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)