မူဆယ်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်လှစ်

မူဆယ် ဇူလိုင် ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲကို မူဆယ်ခရိုင်/ မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ဥပဒေအရာရှိ ဦးရန်အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အစီအမံများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို နိုင်ငံတော်အစိရ၏ လမ်းညွှန်ချက်၊ ဥပဒေရေးရာဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ရှမ်းပြည်နယ်ဥပဒေချုပ်ရုံးမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ သင်တန်းတွင် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဥပဒေ၊ နည်းဥပဒေများ၊ လောင်းကစားဥပဒေ၊ လောင်ကားစားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေစသည့် ဘာသာရပ်များကို ၂ ရက်တာ သင်ကြားပို့ချပေးမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက သင်တန်းပြီးမြောက်ကြောင်း ဂုဏ်ပြုလက်မှတ်များ ချီူမြှင့်ပေးအပ်သွားမည်ဖြစ်သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်ဆင့်/မြို့နယ်ဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား (၈၉) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်