လင်းခေးမြို့ စံပယ်ဦးစျေး သမဝါယမသင်းလီမိတက်က အသင်းဝင်များ စုဆောင်းငွေအပေါ် အတိုးနှင့် အစုအပေါ် အမြတ်ငွေများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

လင်းခေး ဇူလိုင် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့၌ ယမန်နေ့တွင် စျေးသမဝါယမအသင်းလီ မိတက်က အသင်းဝင်များ၏  (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် စုဆောင်းငွေအပေါ်အတိုးနှင့် အစုအပေါ် အစုအပေါ်အမြတ် ငွေများပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်မဟာမြတ်မုနိ ဘုရားကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြဝင်းနှင့် တာဝန်ရှိသူက အသင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများ၊ ၂၀၂၅-၂၀၂၆ ခုနှစ် ငွေစာရင်းရှင်းတမ်းနှင့် အမြတ်ခွဲဝေ မှုစာရင်းဖတ်ကြားပြီး၊ အသင်းသား (၅၀၀) ဦးတို့အား စုဆောင်းငွေအပေါ်အတိုးနှင့် အစုအပေါ် အမြတ်ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)