ရှမ်းပြည်နယ်

မိုင်းရယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကျေးရွာများအထိ မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်းရှင်းလင်းပွဲ ပြုလုပ်ရန်  လုပ်ငန်းညှိနှိုင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ‌ ရွေးကောက်ပွဲကြီးတွင် လွှတ်တော်အသီးသီးတွင်မဲပေးနိုင်ရန်အတွက် ကျေးရွာများအရောက်  မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း ရှင်းလင်းပွဲများဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနတွင် ပြုလုပ်သည်။

ကွန်ဟိန်းမြို့၌ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ (၅၇) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အောက်တိုဘာ ၇ နံနက် ၇ နာရီက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စည်ကားသိုက်မြိုက်စွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်စန်တွင် မဲဆန္ဒရှင်စာရင်းလာရောက်ကြည့်ရှုသူ ဦးရေ ၆,၀၀၀ ခန့်ရှိပြီး လျှောက်ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူဦးရေ ၃၂၀ ဦးရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် စက်တင်ဘာလ ၃၀ ရက်မှစတင်၍ ပထမအကြိမ်ကပ်ထား ကြေညာထားပေးရာ အောက်တိုဘာလ ၇ ရက်နေ့အထိ မဲစာရင်းလာရောက်ကြည့်ရှုသူ ဦးရေ ၆၀၀၀ ဦးခန့်ရှိပြီး လာရောက်လျှောက်ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူ ဦးရေ ၃၂၀ ဦး ရှိကြောင်းသိရသည်။

နမ့်စန်တွင် (၅၉)ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၅၉)ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲကြီးကိုယမန်နေ့ နေ့လည် ၁ နာရီခွဲက အမှတ်(၄)ရပ်ကွက် မြို့မအခြေခံပညာအထက်တန်းကျောင်းရှေ့မှတဆင့် မြို့တွင်းပြည်ထောင်စုလမ်းမကြီးတလျှောက် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် တက်ရောက်အားပေးခဲ့ကြောင်းသိရသည်။

မိုင်းရယ်မြို့နယ် သံတောင်ဉီးသကြားစက်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း ရှင်းလင်းပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြိုနယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ‌ ရွေးကောက်ပွဲကြီးတွင် လွှတ်တော်အသီးသီးတွင် မဲပေးနိုင်ရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း ရှင်းလင်း ပြောကြားခြင်းနှင့် သရုပ်ပြမဲပေးခြင်းကို အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီက ခိုဆိုင်းကျေးရွာအုပ်စုအတွင်းရှိ သံတောင်ဉီး သကြားစက်သို့သွားရောက်သည်။

တာချီလိတ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း အသိပညာပေးဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းရန်နှင့် ပိုးလောက်လန်းပေါက်ဖွားမူ မရှိစေရန် အဘိတ်ဆေးခတ်ခြင်း၊ ကျန်းမာရေးအသိပညာပေးဆောင်ရွက်ခြင်းကို အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းက ဝမ်လုံးကျေးရွာ ပလောင်အလုပ်သမားများနေထိုင်ရာ ရော်ဘာခြံအတွင်း ဒေသခံတောင်ပေါ်တိုင်းရင်းသား ပြည်သူများအား ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်သည်။

နမ့်စန်တွင် (၅၉)ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၅၉)ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲကြီးကို အောက်တိုဘာ  ၇ ရက်နေ့ ၁ နာရီခွဲက အမှတ် (၄) ရပ်ကွက် မြို့မအခြေခံပညာအထက်တန်းကျောင်းရှေ့မှတဆင့် မြို့တွင်းပြည်ထောင်စု လမ်းမကြီး တလျှောက်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် တက်ရောက်အားပေးခဲ့ကြောင်းသိရသည်။

တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်၌ သီတင်းကျွတ်လပြည့်ည(အဘိဓမ္မာအခါတော်နေ့)အထူးစည်ကား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ရွှေတိဂုံဘုရားစေတီတော် ကြီး၌ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်ည(အဘိဓမ္မာအခါတော်နေ့)တွင် ဆီမီးကိုးထောင် ကပ်လှူပူဇော်ခြင်း၊ အလှမီးပုံးပျံလွှတ်တင်ခြင်းနှင့်မြို့လုံးကျွတ် စုပေါင်းမဟာစတုဒိသာ ကျွေးမွေးခြင်းတို့အား စည်ကားသိုက်မြိုက်စွာကျင်းပသည်။

မိုင်းရှူးမြို့နယ်တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၌ ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် (၂၈) ကြိမ်မြောက် ဆီးမီးတစ်သောင်းတစ်ထောင်တစ်ရာ့တစ်ဆယ် ပူဇော်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဝါလကင်းလွတ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ အမှတ် (၉) ရပ်ကွက် အရှေ့ခါးရိုးပရိယတ္တိစာသင်တိုက်အတွင်းတွင် တည်ထားကိုးကွယ်လျက်ရှိသော နှစ်ပေါင်း ၁၁၀ ရှိ ရှေ့ဟောင်းဆုတောင်းပြည့် ရန်အောင် လေးမျက်နှာစေတီတော်မြတ်ကြီး၏ (၂၈) ကြိမ်မြောက် ဆီမီးတစ်သောင်းတစ်ထောင်တစ်ရာ့ တစ်ဆယ် ပူဇော်ပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်