ကွန်ဟိန်းမြို့၌ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကွန်ဟိန်း အောက်တိုဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ (၅၇) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အောက်တိုဘာ ၇ နံနက် ၇ နာရီက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စည်ကားသိုက်မြိုက်စွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် စစ်ဗျူဟာအခြေချ(ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းသုအောင်နှင့် ကွန်ဟိန်းတပ်နယ်မိသားစုများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဝင်းနိုင်နှင့် ဝန်ထမ်းမိသားစုများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများအပါအဝင် ရပ်နီးရပ်ဝေးမှ စေတနာရှင်၊ အလှူရှင်ပြည်သူများတို့က  ကွန်ဟိန်းမြို့နယ်တွင်းရှိ ဘုန်းကြီးကျောင်း (၁၇)ကျောင်းမှ သံဃာတော်များနှင့် သီလရှင်များတို့အား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းအမျိုးမျိုးကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)