နမ့်စန်တွင် မဲဆန္ဒရှင်စာရင်းလာရောက်ကြည့်ရှုသူ ဦးရေ ၆,၀၀၀ ခန့်ရှိပြီး လျှောက်ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူဦးရေ ၃၂၀ ဦးရှိ

နမ့်စန်(တ) အောက်တိုဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် စက်တင်ဘာလ ၃၀ ရက်မှစတင်၍ ပထမအကြိမ်ကပ်ထား ကြေညာထားပေးရာ အောက်တိုဘာလ ၇ ရက်နေ့အထိ မဲစာရင်းလာရောက်ကြည့်ရှုသူ ဦးရေ ၆၀၀၀ ဦးခန့်ရှိပြီး လာရောက်လျှောက်ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူ ဦးရေ ၃၂၀ ဦး ရှိကြောင်းသိရသည်။

နမ့်စန်မြို့နယ်တွင် အောက်တိုဘာလ ၇ ရက်နေ့အထိ မဲစာရင်း၌ အမည်စာရင်းမပါရှိ၍ ပုံစံ(၃) ဖြင့်လာရောက်လျှောက်ထားသူ (၁၃၆) ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေ၍ ပုံစံ (၄)ဖြင့် လာရောက်ကန့်ကွက်သူ (၃၄)ဦး၊ မဲစာရင်းတွင် ကိုယ်ရေးအချက်အလက်များမှားယွင်းနေသဖြင့် ပြင်ဆင်ရန် လာရောက်လျှောက်ထားသူ (၁၅၀) ဦးရှိကြောင်းသိရသည်။

နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက် (၁၁) ခုနှင့် ကျေးရွာအုပ်စု(၂၀)တို့၌ လက်ရှိအချိန်ထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၈၅၀၀၀ ကျော်ရှိပြီး လျာထားမဲရုံပေါင်း (၇၈)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှသိရသည်။

သူရအောင်(နမ့်စန်)