နမ့်စန်တွင် (၅၉)ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

နမ့်စန်() အောက်တိုဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၅၉)ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲကြီးကိုယမန်နေ့ နေ့လည် နာရီခွဲက အမှတ်()ရပ်ကွက် မြို့မအခြေခံပညာအထက်တန်းကျောင်းရှေ့မှတဆင့် မြို့တွင်းပြည်ထောင်စုလမ်းမကြီးတလျှောက် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် တက်ရောက်အားပေးခဲ့ကြောင်းသိရသည်။

ယင်းသို့လောင်းလှူရာတွင် ဗုဒ္ဓရုပ်ပွားတော်အား ရှေ့ဆုံးမှပင့်ဆောင်၍ သံဃသမ္မုတိ ဆရာတော် ၃ ပါးနှင့် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်()ပါးတို့မှ ဦးဆောင်ကာ မြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း (၆၉)တိုက်မှ ဆရာတော်သံဃာတော်များ၊ ရှင်သာမဏေများနှင့် မယ်သီလရင်များ၊ စုစုပေါင်း အပါး(၁၀၀၀)ကျော်က အမှတ်()ရပ်ကွက် မြို့မ အ.ထ.က ကျောင်း ရှေ့မှစတင်ကာ အမှတ်()ရပ်ကွက် အ.ထ.က(နမ့်စန်)ကျောင်းရှေ့ထိ ပြည်ထောင်စုလမ်းမကြီး တလျှောက် ကြွရောက်တော်မူခဲ့ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင် နှင့်အဖွဲ့ဝင်များ၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်  ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ နမ့်စန်တပ်နယ်မှ တပ်မိသားစုများ၊ မြို့သူမြို့သားများ ၊ ဈေးသူ/ဈေးသားများနှင့် စေတနာရှင် အလှူရှင်များက  ဆွမ်းဆန်စိမ်းနှင့် လှူဘွယ်ဝတ္ထုပစ္စည်းမျိုးစုံတို့ကို မြို့လုံးကျွတ်စည်ကားသိုက်မြိုက်စွာ စုပေါင်းလောင်းလှူခဲ့ကြသည်။

မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင်  ဆရာတော်အရှင်သူမြတ်များ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း၍ အေးချမ်းစွာအလှူခံကြွနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကုသိုလ်ပြု ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သူရအောင်(နမ့်စန်)