မိုင်းရယ်မြို့နယ် သံတောင်ဉီးသကြားစက်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း ရှင်းလင်းပွဲပြုလုပ်

မိုင်းရယ် အောက်တိုဘာ  ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြိုနယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ‌ ရွေးကောက်ပွဲကြီးတွင် လွှတ်တော်အသီးသီးတွင် မဲပေးနိုင်ရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း ရှင်းလင်း ပြောကြားခြင်းနှင့် သရုပ်ပြမဲပေးခြင်းကို အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီက ခိုဆိုင်းကျေးရွာအုပ်စုအတွင်းရှိ သံတောင်ဉီး သကြားစက်သို့သွားရောက်သည်။

မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်းကို မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်နှင်းနှင်းအောင်က ရှင်းလင်းပြောကြားပြီး လက်တွေ့မဲပေးခြင်း သရုပ်ပြပြုလုပ်သည်။ ယင်းနောက် မဲဆန္ဒရှင်စာရင်းတွင် ပါရှိရေးအတွက် ပုံစံ(၃)၊ ၃(က)တို့ဖြင့် လျှောက်ထားခြင်း၊ မဲဆန္ဒရှင်အချက်အလက်များ မှားယွင်းပါက ပုံစံ(၄)၊ ၄(က)တို့ဖြင့် လျှောက်ထားနိုင်ရေးတို့အား ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှ ရှင်းလင်းဆွေးနွေးရာ သံတောင်ဉီး သကြားစက်ရှိ တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးကုမ္ပဏီရှိ တာဝန်ရှိသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)