မိုင်းရယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကျေးရွာများအထိ မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်းရှင်းလင်းပွဲ ပြုလုပ်ရန်  လုပ်ငန်းညှိနှိုင်း

မိုင်းရယ်  အောက်တိုဘာ    ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေ‌ ရွေးကောက်ပွဲလွှတ်တော်အသီးသီးတွင်မဲပေးနိုင်ရန်အတွက် ကျေးရွာများအရောက်  မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း ရှင်းလင်းပွဲများဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနတွင် ပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကာ်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းအာင်က ကျေးရွာများအထိ ပြည်သူများအား ကျေးရွာများအရောက်  မြန်မာအီလက်ထရောနစ်မဲပေးစက် အကြောင်းရှင်းလင်းပွဲများပြုလုပ်ရန်ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နှင်းနှင်းအောင်က ကျေးရွာအုပ်စု ၁၃ အုပ်စုရှိ မဲရုံများ၌ မဲပေးမည့် ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် အကြောင်းရှင်းလင်းပွဲများ ဆောင်ရွက်ရန်အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကွင်းဆင်းမည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြိုနယ်အနေဖြင့် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ‌ရွေးကောက်ပွဲလွှတ်တော်အသီးသီးတွင် မဲပေးနိုင်ရန်အတွက် မြို့ပေါ် (၃)ရပ်ကွက် ကျေးရွာအုပ်စု(၁၃)အုပ်စုတွင် မဲရုံ(၂၉)ရုံရှိကြောင်းသိရသည်။

မိုင်းရယ်(ပြန်/ဆက်)