ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တက်ရောက်

စစ်တွေမြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်ကျောင်းဝင်းအတွင်းတွင် ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ် မှန်စီကျေးရွာရှိ စီမံခန့်ခွဲမှုအဖွဲ့ရုံး အန္တရာယ်ကင်းပရိတ်တရားရွတ်ဖတ်ပူဇော်ပွဲ၊ ကိုးရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတက်ရောက်

စစ်တွေမြို့နယ် မှန်စီကျေးရွာရှိ စီမံခန့်ခွဲမှုအဖွဲ့ရုံး အန္တရာယ်ကင်းပရိတ်တရား ရွတ်ဖတ် ပူဇော်ပွဲ၊ မှန်စီကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် IDP စခန်းများမှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမှ လွှဲပြောင်းပေးပို့လာသည့် ပြစ်ဒဏ်မှ လွတ်မြောက်လာသူများအား APTERR အစီအစဉ်ဖြင့် ကိုးရီးယားသမ္မတနိုင်ငံက လှူဒါန်းသော ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံး၌ကျင်းပရာ သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြစ်ဒဏ်မှ လွတ်မြောက်လာသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေအိမ်အား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၅)ရပ်ကွက်၌ ဇွန်လ ၃ ရက်နေ့နံနက်ပိုင်းက ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေအိမ်အား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင်၏ပံ့ပိုးမှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ အသိပညာပေးဟောပြောခြင်းများ၊ ကာကွယ်ဆေးတိုက်ကျွေးခြင်းများ စသည်တို့ကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတက်ရောက်

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ကျောက်ဖြူမြို့၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ် “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမတွင် ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တောင်သူများအား မျိုးစပါး၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် ယူရီးယားဓာတ်မြေဩဇာများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားတက်ရောက်၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကြည့်ရှုအားပေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်သည့် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိအောင် စိုက်ပျိုးကြမည့် တောင်သူများအား မျိုးစပါး၊ ပိုက်ဆံလျှော်မျိုးစေ့၊ ယူရီးယားဓာတ်မြေဩဇာများ ချီးမြှင့်ပေးအပ်ခြင်းနှင့် နည်းပညာပေးရက်တိုသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှု လှည့်လည်ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဆေးရုံတက်ရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံ ယူနေကြသော တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ပြည်သူများအားနှုတ်ဆက်အားပေး စကားပြောကြား

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့် အရာရှိကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၁၇) တပ်မတော်ဆေးရုံ၊ ခုတင် (၁၀၀) သို့သွားရောက်ပြီး ဆေးရုံတက်ရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြသော တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပန်းခင်းစီမံချက်အဆင့် (၃) အရ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်တွေမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့် (၃) အရ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ သံဃရာဇဝိဟာဘုန်းရဘုန်းတော်ကြီးကျောင်း တိုက်၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစခန်းများမှ ပြည်သူများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ Documentary အား မြန်မာ၊ အင်္ဂလိပ်(နှစ်ဘာသာ)တို့ဖြင့် အဆင့်မီရိုက်ကူးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ Documentary အား မြန်မာ၊ အင်္ဂလိပ်(နှစ်ဘာသာ)တို့ဖြင့် အဆင့်မီရိုက်ကူးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
Subscribe to ရခိုင်ပြည်နယ်