ကျောက်ဖြူ ဇူလိုင် ၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပြသသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းအား ဆက်လက်ပြသရာ မြို့ပေါ်ရပ်ကွက်(၁၇)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး(၁၇)ဦးနှင့် ကျေးရွာအုပ်စု(၃)အုပ်စုမှ အုပ်ချုပ် ရေးမှူး (၃)ဦးတို့က စိတ်ပါဝင်စားစွာဖြင့် တက်ရောက်သင်ယူလျက်ရှိသည်။
အဆိုပါ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းကို သင်တန်းနည်းပြဆရာ (၁၇)ဦးတို့က သင်တန်းသား (၂၀)ဦးတို့အား ဇူလိုင်လ(၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ (၁)လကြာ ပို့ချပြသသွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)