စစ်တွေ ဇူလိုင် ၂
ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေသည် ရခိုင်ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်နှင့်အတူ ဇူလိုင် ၁ ရက်ညနေပိုင်းက ရခိုင်ပြည်နယ် လွှတ်တော်ရုံး၊ ဧည့်ခန်းမ၌ စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Abdullah AL Razi နှင့်အဖွဲ့အား လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် အကျိုးစီးပွားအတွက် အပြန်အလှန် ထိတွေ့ဆက်ဆံလျက်ရှိသောကိစ္စများ၊ နှစ်နိုင်ငံအကျိုး စီးပွားအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)