တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကျင်းပ

စစ်တွေ  ဇွန် ၂၇

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များဆိုင်ရာ လေ့လာသုံးသပ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (ပဉ္စမနေ့) စတင်ကျင်းပကြောင်းနှင့် အထမြောက်ကြောင်းကြေညာပြီး ဒုတိယပုံမှန် အစည်းအဝေး (ပဉ္စမနေ့)သို့ မတက်ရောက်နိုင်သောကိုယ်စားလှယ်များအတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ခွင့်ပန်ကြားကာ လွှတ်တော်၏အဆုံးအဖြတ်ကိုရယူသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်းများကိုမေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားကြသည်။ ယင်းနောက် ပြည်နယ်လွှတ်တော်မှ ဖွဲ့စည်းထားရှိသော တိုင်းရင်းသားလူမျိုးများအရေး လေ့လာရေးကော်မတီဝင် နေရာတွင် အစားထိုးတာဝန်ပေးအပ်ခြင်းအားလည်းကောင်း၊ ပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင်နေရာတွင် အစားထိုးတာဝန်ပေးအပ်ခြင်း အားလည်းကောင်း ဆောင်ရွက်ပြီး ပြည်နယ်လွှတ်တော်၏အတည်ပြုချက်ရယူသည်။ ဆက်လက်၍ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များဆိုင်ရာ လေ့လာသုံးသပ်ရေးအဖွဲ့တွင် ဖွဲ့စည်းတာဝန်ပေးအပ် ထားသည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်တို့၏ အမည်စာရင်းနှင့်အဖွဲ့၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် သက်တမ်းတို့နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး(ပဉ္စမနေ့)ကို ရပ်နားကြောင်းနှင့် ဒုတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို ဇွန်လ ၂၉ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း ကြေညာကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်