ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မိုခါမုန်တိုင်းလေဘေးသင့်ဒေသများသို့ ဖြန့်ဖြူးရောင်းချ ပေးထားသည့် သစ်ခွဲသားများအတွက် တန်ဖိုးကျသင့်ငွေများ ပေးသွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်း၊ IDP စခန်းများမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်

မိုခါမုန်တိုင်းလေဘေးသင့်ဒေသများသို့ ဖြန့်ဖြူးရောင်းချပေးထားသည့် သစ်ခွဲသားများ အတွက် တန်ဖိုးကျသင့်ငွေများ ပေးသွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။ ထို့နောက် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဆရာဝန်၊ သူနာပြုများက မှန်စီကျေးရွာနှင့် အနီး ပတ်ဝန်းကျင် ကျေးရွာများ၊ IDP စခန်းများမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေခြင်းကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တည်ဆောက်ရေးလုပ်ငန်း အထောက်အကူပြုသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ရခိုင်ပြည်နယ် MSME အေဂျင်စီနှင့်အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)တို့ ပူးပေါင်းဖွင့်လှစ်သည့် တည်ဆောက်ရေးလုပ်ငန်း အထောက်အကူပြု သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

မြောက်ဦးဆရာတော် ဝနဝါသီဘဒ္ဒန္တဝါယာမိန္ဒအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တက်ရောက်ပူဇော်

ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ၏ အဓိပတိ၊ ပြည်တွင်းပြည်ပသာသနာပြု၊ ဓမ္မကထိက၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာများ၏ ဦးစီးပဓာန နာယကချုပ်၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ မြောက်ဦးဆရာတော် ဝနဝါသီ ဘဒ္ဒန္တဝါယာမိန္ဒအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မြောက်ဦးဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မိုးရာသီအခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ မိုးရာသီအခြေခံပညာ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ အားကစားအသင်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ကျောက်ဖြူမြို့၌ မိုးစပါးများ ဆက်လက်စိုက်ပျိုး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးများကို စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် မိုးရွာသွန်းမှုအခြေနေမှာပိုမို၍စိုက်ပျိုးရန်အတွက် အခြေအနေကောင်းသောကြောင့် မိုးစပါးများကိုနေ့စဉ် ဆက်လက်စိုက်ပျိုးလျက်ရှိသည်။

သဲဖြူတောရနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဦးစီးပဓာန နာယကဆရာတော်ကြီး  စစ်တွေမြို့ပေါ်ရှိ သံဃာတော်များအား ဝါဆိုသင်္ကန်းလှူဒါန်း၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့်  ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ၊ တိုင်းရင်းဆေးများလှူဒါန်း

သဲဖြူတောရနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဦးစီးပဓာန နာယကဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးက  စစ်တွေမြို့ပေါ်ရှိ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ လှူဒါန်းခြင်းနှင့် ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ၊ တိုင်းရင်းဆေးများလှူဒါန်းခြင်းကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် မြတ်ကြီးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတို့၌ကျင်းပသည်။

ရခိုင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်း 

ရခိုင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏(၄/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မိုးရာသီ တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်၊ ခေါင်းဒုက္ကာ(၂)IDP စခန်း ပြန်လည် တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် ၂၀၂၅ ခုနှစ်၊ မိုးရာသီ တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဘုမေရပ်ကွက် ရွာဂေါင်းရွာသစ် မူလွန်ကျောင်းဝင်းအတွင်း၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း  အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်

အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံရှင်းလင်းခြင်းသင်တန်းဖွင့်ပွဲ တက်ရောက်

သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံရှင်းလင်းခြင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Subscribe to ရခိုင်ပြည်နယ်