ကျောက်ဖြူ ဇွန် ၂၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက အထက(ခွဲ) အလက(၂)မြို့မကျောင်း၌ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးနှင့်ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်ပြီး အထက(ခွဲ) အလက(၂) မြို့မကျောင်းမှ ကျောင်းသား၊ကျောင်းသူ လေးဦးတို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ပရဟိတ၊ လူငယ်နှင့်မူးယစ်ဆေး စသည့်ခေါင်းစဉ်အသီးသီးဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် လူငယ်စကားဝိုင်းတွင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်း များပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး နံရံကပ်ဓာတ်ပုံများအား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့် ရှုခဲ့ကြကြောင်း သိရှိရသည်။
တင်ထွန်းဦး (ပြန်/ဆက်)