သံဖြူဇရပ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားနှင့် ပညာရေးစုံညီပွဲတော်ပြုလုပ်
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီလ ၉ ရက်နေ့နံနက် ၁၀ နာရီက အ.လ.က(ခွဲ) အောင်ဇေယျကျောင်း၌ ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။