ရေး ဇန်နဝါရီ ၆
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ခွေးရူးရောဂါအကြောင်း သိကောင်းစရာများခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀:၀၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာသန်းထွဋ်အောင်နှင့် ကျန်းမာရေးမှူး ဦးအောင်ဇော်ထိုက်တို့က ခွေးရူးရောဂါအကြောင်းကို ကာကွယ်ခြင်းနှင့် ကာကွယ်နိုင်မည့် နည်းလမ်းများကို အသိပညာပေးဟောပြောပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၃၅)ဦးကို အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)