မွန်ပြည်နယ် ပတ်၀န်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

မော်လမြိုင် ဇန်နဝါရီ ၆

မွန်ပြည်နယ် ပတ်၀န်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ် ပတ်၀န်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ  ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူရလှိုင်က ကော်မတီ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြရာတွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့၀င်များဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့၏ညွှန်ကြားချက်အရ ပြည်နယ်အဆင့် ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းထားပါကြောင်း၊မွန်ပြည်နယ်အတွင်းရှိ အဓိကပတ်၀န်းကျင်ဆိုင်ရာ စိန်ခေါ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းများဖြစ်သော စက်မှုဆိုင်ရာလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ အခြေခံစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာများ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာဌာနများအနေနဲ့ မိမိတို့ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်း၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက်  တက်ရောက်လာကြသည့် ကော်မတီအဖွဲ့၀င်များက ဝိုင်း၀န်းဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ပြည်နယ်ပတ်၀န်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့၀င်များက ညှိနှိုင်းဆွေးနွေးကာ ဆုံးဖြတ်ချက်များချမှတ် ဆောင်ရွက်ခဲ့ပြီး အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ ဆက်