ဘီးလင်းမြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် ရှေးဦးပြုစုခြင်း(ဆင့်ပွား)သင်တန်းဖွင့်လှစ်

ဘီးလင်း ဇန်နဝါရီ ၈

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် ရှေးဦးပြုစုခြင်း(ဆင့်ပွား)သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ဘီးလင်းမြို့နယ် အထက(ဘီးလင်း) ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဘီးလင်းမြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ရီက သင်တန်းဖွင့် အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးမင်းက ရှေးဦးပြုစုခြင်း ဆင့်ပွားသင်းတန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်မေးခွန်(၁၀၀)ဖြေဆိုခြင်းတွင် ဆုရရှိကြသော အထက ဘီးလင်းကျောင်းနှင့် အထက(ကန်သာယာ)ကျောင်းတို့မှ ကျောင်းသူ ကျောင်းသားများကို မြို့နယ်ဆရာဝန်ကြီးနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြ သည်။

အဆိုပါ ရှေးဦးပြုစုခြင်း ဆင့်ပွားသင်တန်းသို့ ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၅၇)ကျောင်းမှ ဆရာ၊ ဆရာမ ၁၅၇ ဦး တက်ရောက်ကြပြီး သင်တန်း နည်းပြများအဖြစ် မြို့နယ်လက်ထောက်ဆရာဝန် ဒေါက်တာအိအိကျော်၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးခင်စိုး၊ ကျန်းမာရေးဌာနမှ သူနာ​ပြုဆရာမ ဒေါ်ခင်အေးနွယ်တို့က စာတွေ့လက်တွေ့သင်ကြားခြင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သရုပ်ပြကူညီ ဆောင်ရွက်ပေးခြင်းတို့ကို  ၃ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထူးနောင်(ပြန်ဆက်)