တောင်စွန်းကျေးရွာ၊ တောင်စွန်းကုန်ထုတ်စခန်းမှ အကျဉ်းသား(၁၄)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ

ဘီးလင်း ဇန်နဝါရီ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အမှတ်(၁/၂၀၂၃) ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၄၀၁၊ ပုဒ်မခွဲ(၁)အရ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကုန်ထုတ်စခန်းတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား ၁၄ ဦးတို့အား လွတ်ငြိမ်းချမ်းသာ ခွင့်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီ​ခွဲအချိန်က တောင်စွန်းအကျဉ်းဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါလွတ်ငြိမ်းခွင့်ရရှိသော အကျဉ်းသားများအား တောင်စွန်းအကျဉ်းထောင်မှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ရဲအောင်နှင့် တာဝန်ရှိသူများက တောင်စွန်းကုန်ထုတ် စခန်းရှိခန်းမ၌ တွေ့ဆုံကာဆုံးမသြဝါဒစကားများပြောကြား၍ ထောင်လွှတ်လတ်မှတ်နှင့် လမ်းစရိတ်၊ ထမင်းစရိတ်ငွေများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ၎င်းတို့အားနေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်းသိရသည်။

ထူးနောင် ဘီးလင်း( ပြန်/ဆက် )