ချောင်းဆုံမြို့နယ်တွင် ဆီထွက်သီးနှံနေကြာစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိ

ချောင်းဆုံ ဇန်နဝါရီ ၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံ့စီးပွားကဏ္ဍမြှင့်တင်ရေး စားသုံးဆီဖူလုံစွာရရှိရေးအတွက် ဆန်စပါးအပြင် ဈေးကွက်ဝင်နိုင်သည့် သီးနှံသီးထပ်များ စိုက်ပျိုးလျက်ရှိရာ (ယနေ့အထိ) ဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုးပြီးစီးမှုမျာ (၂၆၅၀)ဧကစိုက်ပျိုးထားပြီးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာစိုက်ပျိုးလျာထားဧကမှာ (၃၁၀၀)ဧကရှိပြီး ယနေ့အထိ ရပ်ကွက်/ကျေးရွာ(၄၅)အုပ်စုမှ ရေဆင်းစပ်မျိုး(၁)စိုက်ဧက (၁၆၀၀)ဧကနှင့် ဆင်းရွှေကြာ(၂)စိုက်ဧက (၁၀၅၀)ဧက စုစုပေါင်း(၂၆၅၀)ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သီးနှံပုံစံအလိုက် စိုက်ပျိုးထားရှိမှုအနေဖြင့် သီးထပ်(၂၆၂၀)ဧကနှင့် သီးညှပ်(၃၀)ဧကဖြစ်ကြောင်း၊ တစ်မြို့နယ်လုံးအနေဖြင့် စိုက်ပျိုးဧကလျာထားချက်၏(၈၅.၄၈)ရာခိုင်နှုန်းကို စိုက်ပျိုးထားပြီးဖြစ်ကြောင်းနှင့် လျာထားဧကထက်ကျော်လွန်စိုက်ပျိုးနိုင်ရေးကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)