အမက (ကဒုံစီး) ကျောင်း၌ အသက် ၅ နှစ်မှ ၁၂ နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေး

ပေါင် ဇန်နဝါရီ ၁၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းကအမက(ကဒုံစီး)ကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် ပေါင်မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ ဝန်းထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး အမက (ကဒုံစီး)ကျောင်းရှိ KG မှ Grade – 5 အထိ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၂၇၅ ဦးတို့အား ကိုဗစ် - ၁၉ ရောဂါ စည်းကမ်းချက်များနှင့် အညီ တတိယအကြိမ် ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)