သံဖြူဇရပ် ဇန်နဝါရီ ၂၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် တိရိစ္ဆာန်အစာပင်ချဉ်ဖက်ပြုလုပ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းငွေထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ဖြစ်သည့် သင်တန်းတွင်သင်ကြားပို့ချပေးမည့် ဘာသာရပ်နှင့်သင်တန်းကိုစိတ်ပါဝင်စားစွာ သင်ယူလေ့လာကြပြီးလက် တွေ့ပြန်လည်ပြုလုပ်နိုင်ရေး ရှင်း လင်းပြောကြားသည်။
ထို့နောက် သင်တန်းကိုဆက်လက်ပို့ချရာ သင်တန်းနည်းပြအဖြစ် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူးဒေါက်တာမင်းငွေထွန်း၊ ဦးစီးအရာရှိဒေါက်တာသက်စိုးနိုင်တို့က သင်တန်းနည်းပြများအဖြစ် တိရစ္ဆာန်အစာအပင် စိုက်ပျိုးနည်းဘာသာရပ်၊ တိရစ္ဆာန်အစာမြက်အစာချဉ်ဖက်ပြုလုပ်နည်းအဆင့်ဆင့်၊ တိရစ္ဆာန်အစာစနစ်တကျကျွေးမွေးနည်းဘာသာရပ်တို့ကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းကို သံဖြူဇရပ်မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများမှ စိတ်ပါဝင်စားသူသင်တန်းသား/သူ စုစုပေါင်း(၁၅)ဦးတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလကို ဇန်နာဝါရီ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၂)ရက်တာနေ့စဉ်နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)