စာဖတ်ရှိန်မြင့်မားရေးအတွက် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်
ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီးအသိပညာ ဗဟုသုတရရှိစေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အ.မ.ကမုဒုံကြီးကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ကြောင်းသိရသည်။