ကျိုက်မရောမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ကျိုက်မရော  ဇန်နဝါရီ   ၂၄

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်သစ်တောဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဆွေးနွေးပွဲ Talk Show အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ချိုမြတ်မြတ်ထွေးက ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မင်းသူက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပြည်သူများသိသင့်သိထိုက်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အရေးကြီးသောအချက်များကို ရှင်းလင်းဆွေးနွေးရာ၌ သစ်တောများပြုန်းတီးစေသည့် အဓိကအချက်မှာ တရားမဝင်သစ်ထုတ်လုပ်မှုနှင့် ထင်းမီးသွေးလောင်စာ ထုတ်ယူသုံးစွဲမှု၊ လူတွေနေဖို့အတွက် မြို့ပြအိမ်ယာတွေ  တိုးချဲ့ဆောက်လုပ်နေမှုများကြောင့် သစ်ပင်များ၊ သစ်တောများခုတ်ထွင် ရှင်းလင်းရသဖြင့် သစ်တောပြုန်းတီးမှုများ သစ်အလွန်အကျွံထုတ်လုပ်မှုကလည်း သစ်တောပြုန်းတီးမှုများကိုဖြစ်ပေါ်စေကြောင်း မွန်ပြည်နယ်မှာဆိုရင် ရာဘာစိုက်ပျိုးသူတွေများတဲ့အတွက် သစ်တောဖုံးလွမ်းမှုကို ထိခိုက်စေသည့်အတွက် ရာဘာနှင့် သစ်မာကိုရောစိုက်ပြီး မန်ဂျန်ရှားအပင်ကို ပရိဘောဂနဲ့အိမ်ဆောက်၊ ကျောင်းဆောက်ရာ၌ အသုံးဝင်တာ ဖြစ်တဲ့အတွက် ရာဘာပင်နှင့်ရောပြီး စိုက်ပျိုးသင့်ကြောင်းကျိုက်မရောပိုင် ဒါလီကြိုးဝိုင်းတွင် ဧကတစ်ရာခန့်ရှိပြီးအဖွဲ့ဝင်(၁၀)ဦးနှင့်ဆောင် ရွက်နေပြီးဒေသအတွက် လိုအပ်တဲ့သစ်တွေ ထုတ်ပေးနိုင်သဖြင့်လူမှုစီးပွားအတွက် အဆင်ပြေကြောင်း၊ ၂၀၂၂ ခုနှစ် အစုပိုင် သစ်တောစိုက်ခင်းတွေကနေ ပြီးတော့အိမ်ဆောက်ချင်တာပဲဖြစ်ဖြစ် စာသင်ကျောင်း ဆောက်ချင်တာပဲဖြစ်ဖြစ် အကျိုးရှိတာဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်  ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)