ကျိုက်ထိုမြို့နယ်၌ ရာသီပေါ်မုန်လာဥစိုက် တောင်သူများ မိသားစုစားဝတ်နေရေးအဆင်ပြေ

ကျိုက်ထို ဇန်နဝါရီ ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ရာသီပေါ်မုန်လာဥစိုက်တောင်သူများ  မိသားစု စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါမုန်လာဥစိုက်တောင်သူများသည် ရာသီအလိုက်သီးပင်၊ စားပင်များအားစားသုံးသူများ ဘေးအန္တရာယ်မဖြစ်‌စေရန် သဘာဝ‌မြေဩဇာအသုံးပြု၍ ‌နိုဝင်ဘာလတွင် မုန်လာဥမျိုးစေ့များပျိုးထောင်၍ စိုက်ပျိုးရကြောင်း သိရသည်။

(၁၅)ရက်သားပြည့်လျှင် သဘာဝမြေဩဇာနှင့်အတူ  ပိုးမွှားများမကျရောက်စေရန် မြေခံဆေး‌အာရောထည့်၍ (၃)ရက်ကြာ   ထားရှိပြီးမှ ရှင်သန်နိုင်သည့်ပျိုးပင်များအား ရွေးထုတ်ကာတူးဖေါ်ထားသည့် မြေကျင်း၌ စိုက်ပျိုးပြီး အချိန်(၂)လကြာစောင့်ဆိုင်း၍ ယခုစိုက်ပျိုးထားသည့် အပင်များအား ပြန်လည်တူးဖေါ်ရောင်းချရ၍ တစ်‌နေ့လျှင် ငွေကျပ်(၂၀၀၀၀)ကျပ်ထိရရှိ၍ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက်နေ တောင်သူဦးသန်းဌေးပြောကြားချက်အရ သိရသည်။

ဝင်းမောင်(ပြန်/ ဆက်)