သထုံမြို့၌ နဝမအကြိမ်မြောက် ရန်အောင်မြင် ပရိယတ္တိသာသနာ့ပါလ စာမေးပွဲကျင်းပ

သထုံ ဇန်နဝါရီ  ၂၂

မွန်ပြည်နယ်၊ သထုံမြိုနယ်တွင် ပရိယတ္တိဝန်ဆောင် ဆရာတော်များအဖွဲ့မှ ကြီးမှူးကျင်းပသည့် နဝမအကြိမ်မြောက် ရန်အောင်မြင် ပရိယတ္တိသာသနာ့ပါလ စာမေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရန်အောင်မြင် ကျောင်းတိုက်ဝင်းအတွင်းရှိ စာဖြေဓမ္မာရုံ၌ စတင်ကျင်းပပြုလုပ်ခဲ့သည်။

စာမေးပွဲဖြေဆိုရာတွင် ဥပစာတန်း၌ ဖြေဆိုရန် သံဃာတော်နှင့်သီလရှင်(၃၇၃)ပါး၊ ဥပစာငယ်တန်း၌ (၃၂၉)ပါး၊ ဥပစာလတ်တန်း၌ (၁၅၅)ပါး၊ ဥပစာကြီးတန်း၌ (၁၃၉) ပါး၊ စုစုပေါင်း သံဃာတော်နှင့် သီလရှင် (၉၈၇)ပါးတို့ စာရင်းပေးသွင်းထားပြီး လာရောက် ဖြေဆိုသူများကို သထုံမြို့နယ်သံဃာ့နာယကအဖွဲ့မှ ဆရာတော် သံဃာတော်များ၊ စာမေးပွဲကြီးကြပ်အဖွဲ့များ၊ ပရဟိတဘာသာရေး အသင်းအဖွဲ့များ နှင့် တာဝန်ရှိသူတို့က ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါစာမေးပွဲကို ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ဖြေဆိုအောင်မြင်သူများအား ယခုလ ၂၈ ရက်နေ့၌ စာအောင် ဆုနှင်းသဘင်ကျင်းပကာ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်