ဘီးလင်းမြို့နယ်တွင် COFFEE SHOP (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်​ဖြစ်စေသော စားသောက်ကုန်များ ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

ဘီးလင်း ဇန်နဝါရီ ၂၄

မွန်ပြည်နယ် ဘီးလင်းမြို့နယ် စားသုံးသူ​ရေးရာဦးစီးဌာနသည် ဘီးလင်းမြို့နယ်အတွင်းရှိ စားသောက်ကုန်ဆိုင်များတွင် Coffee Shop (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်​ဖြစ်စေသော စား​သောက်ကုန်များ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင်  စားသုံးသူရေးရာဦးစီးဌာမှ ဦးစီးမှူး​ ဒေါ်ဇင်ဖြူဝင်းက စားသောက်ကုန်ရောင်းချလျက်ရှိသော ဆိုင်ပိုင်ရှင်များအား အန္တရာယ်ရှိသော COFFEE SHOP (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ရှိသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ရောင်းချမှုကိုတွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

ထူးနောင် (ပြန်/ ဆက်)