မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါကုသဆောင်တွင် ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများအားကြည့်ရှုပြီး အလှူငွေများ၊ ဆေးဝါးများနှင့် အာဟာရ ဖြည့်စွက်စာများ ပေးအပ်လှူဒါန်း
မွန်ပြည်နယ်အတွင်း မြို့ပြနှင့်ကျေးလက်နေပြည်သူများအားလုံး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုများကို အရည်အသွေး ပြည့်မီစွာရရှိစေရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိ သူများသည် ယမန်နေ့ နေ့လယ်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါ ကုသဆောင်သို့ရောက်ရှိခဲ့ကြပြီး ကင်ဆာဆေးသွင်း ကုသမှုပေးခြင်း၊ ကင်ဆာရောဂါ ကျန်းမာရေးစောင့်ရှောက်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြသည်။