ကျိုက်ထိုမြို့နယ်‌ မြေဩဇာကြီးကြပ်ရေးကော်မတီမှ နွေစပါးနှင့်ဆောင်းသီးနှံစိုက် တောင်သူများအား (ယူးရီးယား) ဓါတ်မြေဩဇာဖြန့်ဖြူး

ကျိုက်ထို ဇန်နဝါရီ ၃၁

မွန်ပြည်နယ် အစိုးရအဖွဲ့၏ညွှန်ကြားချက်အရ ကျိုက်ထိုမြို့နယ်အတွင်း နွေစပါးစိုက်ပျိုး လုပ်ကိုင်လျက်ရှိသည့် တောင်သူများနှင့် ဆောင်းမြေပဲ၊ ဆောင်းနှမ်းစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများ အထွက်နှန်းတိုးတက်စေရန် (ယူးရီးယား) ဓါတ်မြေဩဇာများကို မြို့နယ် မြေဩဇာကြီးကြပ်ရေးကော်မတီမှ ဆဋ္ဌမအကြိမ်အဖြစ် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျေးရွာအလိုက် ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ ဖြန့်ဝေရာတွင် နွေစပါးနှင့်ဆောင်းမြေပဲ၊ ဆောင်းနှမ်းစိုက်ပျိုးသည့်ကျေးရွာ (၇)ရွာအတွက် စုစုပေါင်း (ယူးရီးယား)မြေဩဇာ (၁၀၁၁) အိတ်အား မြို့နယ်မြေဩဇာကြီးကြပ်ရေးကော်မတီဝင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဗိုလ် ဦးဆောင်၍အဖွဲ့ဝင်များက စနစ်တကျ ခွဲဝေပေးခဲ့ရာ သက်ဆိုင်ရာကျေးရွာ(၇)ရွာမှ ကျေးရွာတာဝန်ခံများက လာရောက်ထုတ်ယူကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်