ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာအုပ်စုတွင် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သည့်လူနေအိမ်အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့

ချောင်းဆုံ ဇန်နဝါရီ ၃၀

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာတွင် ဇန်နဝါရီလ (၂၈)ရက်နေ့(၉)နာရီ အချိန်ခန့်က ဒရယ်ကျေးရွာအုပ်စု အကွက်အမှတ်(၃)၌ မီးလောင်ကျွမ်းမှုကြောင့်ပျက်စီးခဲ့သည့် လူနေအိမ်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ နံနက်က အဆိုပါနေရာသို့သွားရောက်ပြီး အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေးရာတွင် လူဦးရေ(၂)ဦးအတွက် (၇)ရက်စာ ဆန်ဖိုး ငွေ (၄၂၀ဝိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀ဝိ/) စုစုပေါင်း (၁၀၄၂၀ဝိ/-)ကျပ်တို့အား မြို့နယ်(ဘေး/စီမံ) ဝန်ထမ်းများက ဘေးသင့်ပြည်သူလက်ဝယ် အရောက်ထေက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ ဆက်)