ဘီးလင်း ဇန်နဝါရီ ၂၉
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဗိုလ်တေဇရပ်ကွက်တွင် တတိယအကြိမ်မြောက် မဟာဒုတ်ဆွမ်း၊ စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီမှ စတင်ကာ စည်းကားစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တတိယအကြိမ်မြောက် စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်း လှူပူဇော်ရာတွင် ဗိုလ်တေဇရပ်ကွက် လမ်းမကြီး တလျှောက် စေတနာရှင် အလှူရှင်များက ဘီးလင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း စာသင်တိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်များနှင့် ရှင်သာမဏေများ စုစုပေါင်း ၂၆၁ ပါတို့အား စာရေးတံမဲဖောက်ခြင်း ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တုပစ္စည်း အမျိုးမျိုးလောင်းလှူခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး ဒေသခံပြည်သူများအား စတုဒီသာ ထမင်း၊ ဟင်း၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲများဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထူးနောင်(ဘီးလင်း)