ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ မိုးရာသီဘဏ်ချေးငွေများ ပြန်လည်ကောက်ခံမှု ၅၅ ရာခိုင်နှုန်းကျော်ရရှိ

ကျိုက်မရော ဇန်နဝါရီ ၃၁

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ  ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများအား ပြန်လည် ကောက်ခံလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအုပ်စုများမှ  တောင်သူများလာရောက် ပေးသွင်းမှုများပြားလျက်ရှိကြောင်း သိရသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးဘဏ်ခွဲအနေဖြင့် ယခုနှစ် မိုးရာသီဘဏ်ချေးငွေများကို ဇန်နဝါရီလဆန်း ပိုင်းမှစတင် ကောက်ခံလျက်ရှိရာ ကျေးရွာအုပ်စု (၃၉)အုပ်စုမှ  တောင်သူ (၁၄၉၁) ဦးတို့အား မိုးချေးငွေ (၁၄၁၆၉) သိန်းကျပ်အား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ချေးပေးထားရာ ယခု ဇန်နဝါရီလ ၃၀ ရက်နေ့အထိ  တောင်သူ ၈၅၁ ဦးထံမှ ပြန်လည်ကောက်ခံရရှိငွေမှာ (၇၈.၃၀)သိန်း  ပေးဆပ်နိုင်ခဲ့သဖြင့်  ၂၀၂၂ ခုနှစ်  မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ  ဆပ်ပြီးသည့် ရာခိုင်နှုန်းမှာ ၅၅.၂၆ ရာခိုင်နှုန်းထိ ပြန်လည်ကောက်ခံရရှိပြီး ဖြစ်ကြောင်း  ကျိုက်မရောမြို့နယ် လယ်ယာဖွံဖြိုးရေးဘဏ် (ခွဲ)မှ  မြို့နယ်မန်နေဂျာ ဒေါ်သီတာထွန်း၏ ပြောပြချက်အရသိရသည်။

ကျိုက်မရော  (ပြန်/ဆက်)