ပေါင်မြို့နယ်၌ ဆန်များဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိ
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆန်စက်လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်းက သက်သာသောဈေးနှုန်းများဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီက နတ်ကြီးချောင်ဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။