မွန်ပြည်နယ်

မော်လမြိုင်မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ မှုခင်းကျဆင်းရေးနှင့် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းအမှားများတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူခံရမည်ဖြစ်ကြောင်း၊ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက သီရိမြိုင်ရပ်ကွက်၊ သရက်ကုန်းရပ်၊ မွန်မင်းလမ်းဟိုတယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။

သထုံမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်‌ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် အပတ်စဉ်‌ ကျန်းမာရေးစစ်‌ဆေးခြင်း၊ အသိပညာပေးခြင်းတို့ကို လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက (ဦးဖြူ) အခြေခံပညာမူလတန်းကျောင်းနှင့် (မရမ်းချောင်) မူလွန်ကျောင်းတို့၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အပတ်စဉ်‌ ကျန်းမာရေးအသိပညာပေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် အခြေခံပညာမူလတန်းကျောင်း(သမလ)၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို တောင်ပိုင်းရပ်ကွက်ရှိ အ.မ.က(၄)တောင်ပိုင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် (မော်လမြိုင်)တို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချ‌ပေးနေမှုများအား ကြည်ရှုအားပေး

မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ​ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီ စက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားတက်ရောက်

၂ဝ၂၄ ခုနှစ် တိုင်းဒေသကြီး၊ ပြည်နယ် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်သည်။

မော်လမြိုင်ခရိုင် (Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်

၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန၊ Community centreခန်းမ၌ ကျင်းပပြုလုပ်သည်။

မော်လမြိုင်မြို့၌ (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်

၂၀၂၄ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင်ကျရောက်မည့် နေ့ထူးနေ့မြတ်ဖြစ်သည့် ဝမ်းနည်းသတိရဖွယ် အထိမ်းအမှတ်တစ်ခုဖြစ်သော အာဇာနည်နေ့သမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများသိရှိ နားလည်‌စေရန်နှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားအတုယူတန်ဖိုးထားပြီး အမှတ်ရနေစေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက  မော်လမြိုင်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များ အသိပညာပေးနှိုးဆော်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်များကို ပြည်သူများသတိပြုကာကွယ်နိုင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကလော့ကျေးရွာနှင့် ညောင်လမ်းကျေးရွာတို့တွင် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ကွင်းဆင်းဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်၊ စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးသို့သွားရောက်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်